အချစ်=အချစ်
အချစ်တဲ့..........
ပေးဆပ်ခြင်းနဲ့ ရယူခြင်း
နွေးထွေးခြင်းနဲ့ အေးမြခြင်း
ပူလောင်ခြင်းနဲ့ ငြိမ်းချမ်းခြင်း
နားလည်ပေးခြင်းနဲ့ ၀န်တိုခြင်း
စွတ်လွှတ်အနစ်နာခံခြင်းနဲ့ အနိုင်ယူလိုခြင်း
လွတ်လပ်ခြင်းနဲ့ ချုပ်ချယ်ခြင်း
အားနာသိတတ်မှုနဲ့ အတ္တဆန်ခြင်း
ဖြူစင်ရိုးသားခြင်းနဲ့ မာယာများခြင်း
ပျော်ရွှင်ခြင်းနဲ့ စိတ်ညစ်ညူးခြင်း
တမ်းတလွမ်းဆွတ်ခြင်းနဲ့ ဥပက္ခာပြုခြင်း
ဝေခြင်းနဲ့ နီးခြင်း
စိတ်တူခြင်းနဲ့ မတူခြင်း
ဆုံစည်းခြင်းနဲ့ ခွဲခွာခြင်း
အရှုံးအနိုင် ရှိခြင်း မရှိခြင်း
အင်း.....အချစ်မှာ အားလုံး
ဖြစ်နိုင်တယ်
ရှိနိုင်တယ်
တွေ့နေမှာပါဘဲ.....
တကယ်ကတော့ အချစ်ဆိုတာ အချစ်ပါ
သတ်မှတ်ချက်မရှိ
ကန့်သတ်ချက်မရှိ
စည်းကမ်း ကာလနားမရှိ
တားမြစ်ပိုင်ခွင့်မရှိ
အားလုံးဖြစ်ခွင့် ရှိနေတာ အချစ်ပါ
ဘ၀မှာ အချစ်ရှိနေနိုင်တယ်
ဒါပေမယ့် အချစ်ဟာ ဘ၀တော့ မဟုတ်တာ အသေအချာပါဘဲလေ.......
ကိုသူ

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home