wkthu

Saturday, October 20, 2007

စူး

အေးအေးလေးနဲ့ မင်းရဲ့ပုံစံ



ယဉ်ယဉ်လေးနဲ့ မင်းရဲ့အလှ



ချိုချိုလေးနဲ့ မင်းရဲ့အသံ



ရှင်းရှင်းလေးနဲ့ မင်းရဲ့အပြော



နွေးနွေးလေးနဲ့ မင်းရဲ့အပြုံး



ရိုးရိုးလေးနဲ့ မင်းရဲ့ အချစ်



ခဏလေးဖြစ်ဖြစ်



အင်း….ဖြစ်နိုင်ရင်တော့ တစ်သက်လုံးပေါ့



အားလုံးကို ပိုင်ဆိုင်လိုက်ချင်ပြီ



ရည်ရွယ်တဲ့သူ မြတ်နိုးသူရယ်



စူးစူးနစ်နစ်ချစ်မိနေတယ်


ကိုယ့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာကွယ်....

ကိုသူ

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home