wkthu

Saturday, October 20, 2007

ကာရန်ညှိ

Jan 19, 2007

သိပ်ချစ်လွန်းရင် မျက်ရည်ကျရသလား

ခံစားတတ်တတ်သူများ ပြောပြကြပါလေ...



တို့အချစ်က မျက်ရည်တွေနဲ့ ဇာတာဖွဲ့ခဲ့သလား

ချစ်တတ်သူများ ရှင်းပြကြပါလေ.....



ချစ်တတ်လွန်းတဲ့တို့နှစ်ယောက်အဖြစ်က

မိဘတွေတောင် မျက်ရည်ကျ

သိတဲ့သူတွေ မျက်ရည်ကျ

အားလုံးသောသူတွေ မျက်ရည်မကျအောင် တို့အချစ်ကို စတေးရတော့မလားကွယ်...



မင်းပေးတဲ့ ကတိတည်ဖို့

မချစ်တော့ဘူးလို့ ပြောလည်း

မင်းရင်မှာ ချစ်နေဆဲဆိုတာ

ခံစားမှုချင်းတစ်ဆက်တည်း ငါသိနေသလိုပဲ

တို့ရင်ထဲက မင်းကိုချစ်နေဆဲဆိုတာတော့

အကြွင်းမရှိ ယုံလိုက်ပါကွယ်...



မင်းနဲ့ တို့ရဲ့ အမှတ်တရ မစ္စည်းလေးတွေ

မင်းရဲ့ ဓာတ်ပုံတွေ

မင်းပို့တဲ့စာတွေ မေးလ်တွေ

မင်းကို သတိရလို့ ကြည့်မိတိုင်း

ရင်ပွင့်မတတ် ခံစားရတယ်ဆိုတာ

ချစ်သူသာသိရင်လေ

မင်းလည်းပဲထပ်တူရှိ

ခံစားမိမယ်ဆိုတာ

ချစ်ကြင်သူငြင်းနိုင်ပါသလားကွယ်...



ကိုသူ(ချစ်သူတိုင်း ဆုံစည်းပါစေ....တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါ....)

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home