IT ရည်းစားစာ
သို့ ချစ်ရပါသော ကောင်မလေး..
ဒီစာကို ရေးဖို့ ကြိုးစားခဲ့တာကြာပါပြီ...Connection က ခဏခဏ Down...မီးကလည်းပျက်တစ်လှည့် မလာတစ်လှည့်မို့ ခုမှရေးနိုင်ပို့နိုင်....ဒါတောင် ရေးရင်းတန်းလန်း ဘုရားတနေရတယ်..ဒါကြောင့် ကို ရည်းစားစာရေးရင်း ကုသိုလ်တော်တော်ရလိုက်တယ်...သာဓုခေါ်ပေတော့..ဟီး..
ကိုယ် မင်းကို စတွေ့တွေ့ ချင်း ကိုယ့်ရဲ့ နှလုံးသားထဲကို Virus ရုတ်တရက်ဝင်သလို..နေမထိတိုင်မသာ ဖြစ်ခဲ့ရတယ်…
ကိုယ်ရင်ထဲကှိုSpy Virus လို..Trojanုလို တိတ်တဆိတ်ဝင်လာတဲ့ အချစ်တွေက ကိုယ်ရဲ့ Firewall ကို Hack လုပ်ပြီးဝင်လာတော့ ကိုယ်မတားဆီးနိုင်တော့ဘူး…
ကိုယ့်ရဲ့ အချစ်ကို အဖိုးမတန်ဘူးဆိုပြီး delete လုပ်ပြီး…Recycle Bin ကို မပို့ပါနဲ့….
(Shift Delete မလုပ်တာကံကောင်းလိုလည်းမပြောပါနဲ့)
ကိုယ်ရဲ့စာကိုလည်း Spam mail ထဲ မှာလည်း မadd လိုက်ပါနဲ့..Trash ထဲကိုလည်း တန်းပြီး Forward လုပ်မထားပါနဲ့…..
နောက်တစ်ကြိမ် ပို့လို့ မရအောင်လို့ ရည်ရွယ်ပြီးတော့လည်း Block လုပ်မထားပါနဲ့….
ကိုယ့်မှာ ဒီစာကို ပို့ ဖို့ရာ မလွယ်ဘူး…Connection ကောင်းစောင့်ရတယ်…Web mail နဲ့ ဆိုတော့ page က တက်မလာလို့ …Refresh လုပ်ရတာ အကြိမ်ကြိမ်….၀ှီး…ခြေကျင်တာ ပြေးပြောချင်တော့တယ်….
ဒါကြောင့် ကိုယ့်ရဲ့ အချစ်ကို အသိမှတ်ပြုသောအားဖြင့် ကိုယ်အချစ်ကိုReject မလုပ် Accept လုပ်ဖို့ Request လုပ်ပါရစေ…ကိုယ့်နှလုံးသားပိုင်စိုးသော ကောင်မလေးရေ…..
ကောင်လေး
(ကိုသူ)

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home